ရသေ့တောင်မြို့နယ် မြို့ပေါ်ရပ်ကွက်များတွင် စေတနာရှင် အလှူရှင်များမှ စတုဒီသာ ကျွေးမွေးလှူဒါန်း

ရသေ့တောင် နိုဝင်ဘာ ၈

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များတွင် ဗုဒ္ဓ္ဒဘာသာဝင်တို့၏ အလေးအမြတ်ထားရာ နေ့ထူးနေ့မြတ် ဖြစ်သော တန်ဆောင်မုန်း လပြည့်နေ့တွင် စေတနာရှင်များ၊ အလှူရှင်များ တစ်ဦးချင်း (သို့) စုပေါင်းပြီး စတုဒီသာ ကျွေးမွေးလှူဒါန်းခြင်းကို ယမန်နေ့ ညနေပိုင်းမှ စတင်ကာ ရပ်ကွက်အသီးသီးတွင် လှူဒါန်းကြရာ ပျော်ပျော်ပါးပါး လှည့်လည်စားသောက်ကြသူများနှင့် အထူးစည်ကား လျက်ရှိရပြီး စတုဒီသာ ကျွေးမွေးကြသော မုန့်များမှာ ရခိုင်မုန့်တီ အာပူလျှာပူ၊ ဆက်နှံ၊ မန့်လက်သုပ်၊ မုန့်ဟင်းခါးများ ဖြစ်ကြပြီး ဘုရားဖူး လာရောက်ကြသော ဧည့်သည်များ၊ မိသားစုဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ ပျော်ပျော်ပါးပါး လာရောက်စားသောက်ခဲ့ကြကြောင်း သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)