(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာဖတ်ဝိုင်း၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

သုံးခွ နို၀င်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာဖတ်ဝိုင်း စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ ၁နာရီက ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက ကျောင်းသား/ သူကလေးများ စာကြည့်တိုက်တွင် စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရရှိစေရန်၊ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန်၊ အချင်းချင်းစာပေဗဟုသုတများ ဖလှယ်တတ်စေရန်နှင့် နို၀င်ဘာလ (၁၇)ရက်နေ့မှာ ကျ‌ရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုသောအားဖြင့် ယနေ့ စာဖတ်ဝိုင်း စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသော " လူငယ်နှင့်အကောင်းဆုံးသော ဘ၀ကို တည်ဆောက်ခြင်း" ​​စာအုပ်ဖြင့်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ဆရာမဒေါ်ပြုံးပြုံးမော်က ဆောင်ရွက်ခဲ့ပြီး အလယ်တန်းကျောင်းသား  မောင်လင်းထက် ကိုကိုက "အောင်မြင်ဖို့တည်ဆောက်ခြင်းနှင့်အမြင်များ" ခေါင်းစဉ်ဖြင့်ဆွေးနွေးရာတွင် ကျွန်တော်တို့အနေနဲ့ အောင်မြင်ဖို့ တည်ဆောက်တဲ့အခါ ကောင်းမွန်တဲ့အလေ့အထ တွေလိုအပ်ပါကြောင်း၊ အောင်မြင်ဖို့အတွက် ကောင်းမွန်တဲ့ အလေ့အကျင့်တစ်ခုဖြစ်လာစေဖို့ ကိုယ်ပိုင်ဘဏ်စာရင်းအနေနဲ့ကြည့်ဖို့လိုကြောင်း စသည်ဖြင့်ပြောကြားသည်။ ထို့နောက် အလယ်တန်းကျောင်းသူ မပန်းအိဖြူက "လူငယ်နှင့်စူးစမ်းစိတ်" ခေါင်းစဉ်ဖြင့်ဆွေးနွေးရာတွင် လူငယ်တွေဟာ စူးစမ်းတတ်ပါကြောင်း ဒါပေမဲ့ စူးစမ်းတာနဲ့စပ်စုတာကို ကွဲပြားစွာသိဖို့လိုပါကြောင်း၊ စပ်စုတာရော စူးစမ်းတာရောဟာ အနည်းငယ်သာကွာခြားပါကြောင်း စသည်ဖြင့် ပြောကြား သည်။ယင်းနောက် မဖူးကေခိုင်မှလည်း "လူငယ်နှင့် အလှအပ" ခေါင်းစဉ်ဖြင့်ဆွေးနွေးရာ လူငယ်တွေဟာအလှအပကို မက်မောတာမဆန်းပါကြောင်း၊ လူကြီးလူငယ်မရွေး လှပချင်ကြပါကြောင်း၊ ဒါပေမဲ့ လူငယ်တွေကတော့ တိုးတက်တဲ့အမြင်တွေနဲ့ လှပချင်ကြတာဖြစ်ပါကြောင်းစသည့် ကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဆက်လက်ပြုခဲ့လုပ်ရာ စာအုပ်ပြပွဲတွင် အမျိုးသားနေ့ဖြင့်သက်ဆိုင်သည့် စာအုပ်များနှင့် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရဖွယ် သုတ၊ ရသစာအုပ်များကို ခင်းကျင်းပြသခြင်းနှင့်အတူ လူကုန်ကူးမှုတိုက်ဖျတ်‌ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ ဆိုင်ကလုန်းမုန်တိုင်းနှင့် သဘာ၀ဘေးအန္တရာယ်ကူ ညီကယ်ဆယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု နံရံကပ်စာစောင်များနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ဆရာ ဆရာမများနှင့် ကျောင်းသား/ သူများက စိတ်၀င်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်