သန်လျင်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သန်လျင်   နိုဝင်ဘာ   ၉

သန်လျင်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၍ ကျင်းပသည်။

ဦးစွာသန်လျင်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က မြို့နယ်ကော်မတီဝင်များအနေဖြင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကိစ္စရပ်များအား အလေးထားဆောင်ရွက်ပေးကြစေလိုကြောင်း အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ မြို့နယ်ကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအိအိအောင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအားလည်းကောင်း၊ တက်ရောက်လာကြသော ကော်မတီဝင်များက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဆောင်ရွက်သင့်သည့်အချက်များအား အကြံပြုဆွေးနွေးတင်ပြကြသည်။

ထို့နောက် ရှေ့လုပ်ငန်းစဉ်များ၊ ဆုံးဖြတ်ချက်များချမှတ်ပြီး မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)