အမာမြို့၌ မိုးစပါးစံကွက် ရိတ်သိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်

အမာ နိုဝင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံကွက် ရိတ်သိမ်းခြင်း လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ တောင်သူဦးစိုးဝေ၏ လယ်မြေတွင် ယမန်နေ့မွန်းလွဲ ()နာရီ အချိန်က  ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် အမာမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးတင်မောင်ဝေ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး ဘဝသစ်ကျေးရွာ အုပ်စုရှိ မိုးစပါးစံကွက်စိုက်ခင်း ကွင်းအမှတ်(၉၂၉) မှန်လမ်းကွင်း၊ ဦးပိုင်အမှတ် (၆၃) တောင်သူ ဦးစိုးဝေ လုပ်ကိုင်ခွင့်ရရှိထားသော လယ်မြေ (.၀)ဧက ပေါ်ဆန်းရင် မျိုးစပါးစိုက်ခင်းအား ရိတ်သိမ်းရာတွင် တစ်ဧကအထွက်နှုန်း အခြောက်တင်း (၆)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

အမာ (ပြန်/ဆက်)