ပင်းတယ နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ)အနေဖြင့်အလုပ်တာဝန်များကြောင့် ပြည်သူ့စာကြည့်တိုက်သို့လာရောက်၍ စာအုပ်၊ စာစောင်များ မငှားရမ်းနိုင်သည့် ဝန်ထမ်းများ၊ ကျောင်းသား/သူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်များကို လက်ဝယ်အရောက် ငှားရမ်းပေးခြင်း၊ စာဖတ်ပရိသတ်၊ စာဖတ်ဝါသနာရှင်များကို သုတ/ရသစာအုပ်များအား လစဉ်လှည့်လည် အခမဲ့ငှားရမ်းပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မိုဘိုင်းစနစ်ဖြင့် အမှတ် (၅) အခြေခံပညာမူလတန်းကျောင်းသို့ နည်လှည့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာများသာမက ပြင်ပဗဟုသုတများ ရှာဖွေတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အတတ်ပညာများသာမက အသိပညာဗဟုသုတများ ပါရရှိစေရန် စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/ သူများအားပုံပြင်စာအုပ်များနှင့်ရုပ်ပြစာအုပ်များလေ့လာဖတ်ရှုစေခဲ့သည်။
ထို့နောက် အဆိုပါကျောင်းရှိ ဆရာ/ဆရာများအတွက် သုတ၊ ရသစာအုပ်၊ စာစောင်များကိုလည်းကောင်း၊ ကျောင်းသား/ကျောင်းသူများအတွက် ပုံပြင်စာအုပ်များနှင့် ရုပ်ပြစာအုပ်များကိုလည်းကောင်း ငှားရမ်းပေးခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ်နှင့် သက်ဆိုင်သည့် နံရံကပ်စာစောင်များအား ပြသပေးခဲ့ရာ ကျောင်းသား/သူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)