၂၀၂၁-၂၀၂၂ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ကျောင်းတွင်း ဉာဏစွမ်းရည် ပြိုင်ပွဲ၊ ဆုပေးပွဲအခမ်းအနားကျင်းပ

ဗဟန်း နိုဝင်ဘာ ၁၂

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဗဟန်းမြို့နယ် မူလတန်းကြိုကျောင်းအမှတ်(၁)တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မိဘဆရာ အသင်း နှစ်ပတ်လည်အစည်း အဝေးနှင့် ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲ၊ ဆုပေးပွဲအခမ်းအနားကို ယမန်​နေ့ နံနက် ၉ နာရီက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလွင်ဦးနှင့် မူလတန်းကြို ကျောင်း အမှတ်(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်နွယ်တို့က အမှာစကား​ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများမှ ဉာဏစွမ်းရည်ပြိုင်ပွဲများပြုလုပ်ခြင်း၊ ပန်းဥယျာဉ် ကမ္ဘာဝယ်သီချင်းဖြင့် ဖျော်‌ဖြေတင်ဆက် ခြင်း၊ ဆေးရောင်ခြယ်ပန်းချီပြိုင်ပွဲ (အကြီးအဆင့်၊ အလတ်အဆင့်၊ အငယ်အဆင့်)၊ လက်ချောင်းပန်းချီပြိုင်ပွဲ (အကြီးအဆင့်၊ အငယ်အဆင့်)၊ ကဗျာရွတ်ဆိုပြိုင်ပွဲ (အကြီးအဆင့်၊ အငယ်အဆင့်)၊ အင်္ဂလိပ်သီချင်းပြိုင်ပွဲ (အကြီးအဆင့်၊ အငယ်အဆင့်)နှင့် စုပေါင်းသီချင်းဆိုပြိုင်ပွဲ (အကြီးအဆင့်၊ အငယ်အဆင့်) အစရှိသည့်ပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ခဲ့​ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလွင်ဦး၊ ဗဟန်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့်​ ကျောင်းသား၊​ ကျောင်းသူ စုစု​ပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။

စန္ဒာမိုး