ဘူးသီးတောင် နိုဝင်ဘာ ၁၂
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများက ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်၊ စာစောင်များအား အခမဲ့ငှားရမ်းခြင်းကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့ သွားရောက်၍ ဆောင်ရွက် ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဘူးသီးတောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်စာအုပ်များ (အခမဲ့)ငှားရမ်းပေးခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်ခင်စောမိုးနှင့်ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများနှင့် စာဖတ်ပရိတ်သတ်များအား စာအုပ်စာပေကို လေ့လာဖတ်ရှုမှု ပိုမိုတိုးပွားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာဗဟုသုတများ တိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ သုတ၊ ရသ၊ စာအုပ်/စာစောင်(၇၀)အုပ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ အဆိုပါဦးစီးဌာနရုံးဝန်ထမ်းများ၊ မိသားစုဝင်များက ငှားရမ်းခဲ့ကြသည်။
ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာ ရုံးများ /ရပ်ကွက်များ၊ ကျောင်းများသို့ Mobile Library စနစ်ဖြင့် အပတ်စဉ် ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
လှကျော်(ပြန်/ဆက်)