ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာရေးစနစ်ဖွဲ့စည်းပုံ KG+12(KG+5-4-3) စနစ်သို့ ပြောင်းလဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တိုင်းပညာ ရေးမှူး ဦးတိုးဝင်း၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးပညာရေး နှင့် မုံရွာ တက္ကသိုလ်တို့ ပူးပေါင်း၍ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် အခြေခံပညာအထက်တန်းအဆင့်၌ သင်ကြား လျက်ရှိသည့် ဆရာ/ဆရာမများအား သင်ထောက်ကူ ပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အတွက် ရည်ရွယ်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့်သင် ဆရာ/ဆရာမများ အား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်း (ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ) ဖွင့်ပွဲပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီက မုံရွာမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။