မိုင်းဆတ်မြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ် စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မိုင်းဆတ် နိုဝင်ဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကျောင်းသား၊ ကျောင်းသူများအား နေ့ထူးနေ့မြတ်များ မမေ့အပ်စေရန် “(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့” အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင် ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင်ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ကျောင်းသား၊ ကျောင်းသူများအား နေ့ထူးနေ့မြတ်များ မမေ့အပ်ဘဲ အစဉ်အမြဲ ထိန်းသိမ်းကြရန်နှင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း အကျဉ်းကို အသိပညာ ပေးရှင်းလင်းဟောပြောခဲ့ပြီး “(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့” အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ မှတ်တမ်းဓာတ်ပုံများကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)