ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် သန့်ရှင်း၍ စိမ်းလမ်းစိုပြေသောကျောင်းများ ပေါ်ထွန်းလာစေရေးအတွက် အခြေခံပညာကျောင်းများသို့ ကွင်းဆင်းစစ်ဆေးကာ ပန်းအလှပင်များနှင့် ပျိုးပင်များ ပေးအပ်
ကချင်ပြည်နယ်အတွင်း သန့်ရှင်းရေးစိမ်းလမ်းစိုပြေသော ကျောင်းများ (Clean and Green School) ပေါ်ထွန်းလာစေရေးနှင့် သန့်ရှင်း၍ စိမ်းလမ်းစိုပြေသောကျောင်းဆု (Clean and Green School Award) ချီးမြှင့်နိုင်ရေးအတွက် သန့်ရှင်း၍ စိမ်းလမ်းစိုပြေသော ကျောင်းများ အကောင်အထည် ဖော်ဆောင်ရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ယမန်နေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ရှိ အခြေခံပညာကျောင်းများသို့ တာဝန်ရှိသူများ နှင့်အတူ သွားရောက် ကွင်းဆင်းစစ်ဆေးကာ ပန်းအလှပင်နှင့် ပျိုးပင်များ ပေးအပ်ခဲ့သည်။