မဟာအောင်မြေမြို့နယ်ရုံး၊ မြေစိုက်နံရံကပ်ပြဘုတ်တွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို နံရံကပ်စာစောင်ပြသဆောင်ရွက်

မဟာအောင်မြေ နိုဝင်ဘာ ၁၅

မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံကပ်ပြဘုတ်တွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းကပြသခဲ့ကြောင်း သိရသည်။

အဆိုပါ နံရံကပ်ပြဘုတ်ကို မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများ၊ လမ်းသွားလမ်းလာခရီးသည်များ၊ ကလေးသူငယ်များ ဝင်ရောက်ဖတ်ရှုလေ့လာခဲ့ပြီး စာစောင်များထဲတွင် အမျိုးသားအောင်ပွဲနေ့အစဉ်မမေ့၊ အမျိုးသားအောင်ပွဲနေ့သန္နိဋ္ဌာန်၊ ဗြိတိသျှတို့ပြဌာန်သည့် ကျွန်ပညာရေးဥပဒေ၊ အမျိုးသားအောင်ပွဲနေ့သမိုင်းအကြောင်း၊ အမျိုးသားရေးစရိုက်လက္ခဏာများမပျောက်ပျက်ရန်၊ ခိုင်မာသည့်အမျိုးသားစိတ်ဓာတ်နှင့် စစ်မှန်သည့်ပြည်ထောင်စုစိတ်ဓာတ်၊ မှန်ကန်သောမျိုးချစ်စိတ်ဓာတ်များကို အများပြည်သူများ အစဉ်နှိုးကြားနိုင်စေရန်ရည်ရွယ်၍ပြသခဲ့ပြီး ပြသထားသည့်နံရံကပ်ပြဘုတ်အား ရပ်ကွက်နေပြည်သူများ၊ ခရီးသွားဧည့်သည်များ၊ ကလေးသူငယ်များ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း