ကြံခင်း နိုဝင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့နှင့် Youth Club အဖွဲ့များ ပူးပေါင်းပြီး စာရေးဆရာ မောင်မိုးယံရေးသားသော ‟လူငယ်နှင့်အနာဂတ်ဘဝမြှင့်တင်ရေး ဆောင်းပါးများ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ကြသည်။
စာဖတ်ဝိုင်းကျင်းပရခြင်းဖြင့် စာဖတ်သည့် အလေ့အကျင့်နှင့် စာပေမှရရှိသော အသိပညာ ဗဟုသုတတိုးပွားစေရန်၊ ဖတ်၊ မှတ်၊ လေ့လာထားသည်များကို အပြန်အလှန် ပူးပေါင်းညှိနှိုင်း ဆွေးနွေးတတ်စေရန် ရည်ရွယ်ကျင်းပကြောင်း ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်မှ ရှင်းလင်း ပြောကြားသည်။
ထို့နောက် စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ဝင်းမှ စာရေးဆရာ မောင်မိုးယံရေးသားသော “လူငယ်နှင့်အနာဂတ်ဘဝမြှင့်တင်ရေး ဆောင်းပါးများ” စာအုပ်မှ လူငယ်တွေရဲ့ အနာဂတ်တည်ဆောက်မှု၊ မိဘ၊ ဆရာပူးပေါင်းပျိုးထောင်းခြင်းဖြင့် စိတ်ဓာတ် ခွန်အားမြင့်မားခြင်း၊ အသိအမြင်ခံယူချက် အလေ့အကျင့်ကောင်းများကို ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့နှင့် Youth Club အဖွဲ့ဝင်များက မိမိတို့၏ သဘောထားအမြင်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)