(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်အမှတ်အကြို အသိပညာပေး Talk Show ဆောင်ရွက်

ဝါးခယ်မ နိုဝင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်အမှတ်အကြို အသိပညာပေး Talk Show ကိုကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်အမှတ်အကြို အသိပညာပေး Talk Show ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရီရီလွင်နှင့် မူလွန်တိုးချဲ့မြို့သစ်ကျောင်းမှ အလယ်တန်းပြ ဆရာမဒေါ်ဝါဝါမိုးဖြင့် ဆွေးနွေးရာ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်နှင့် ပတ်သက်သည့်အကြောင်းအရာများ၊ အမျိုးသားရေးအားမာန်နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ၂၀၂၂ ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးအောင်ပွဲနေ့ ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ သူ့ကျွန်မခံ အမျိုးသားမာန်နှင့် ပတ်သက်သည့် အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း