ပိုင်ကျုံ နိုဝင်ဘာ ၁၅
ကရင်ပြည်နယ်၊ ဘာအံခရိုင် ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများအနေဖြင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံနှင့် အမျိုးသားရေးစိတ်ဓာတ်ရှင်သန်တက်ကြွစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က အ.မ.က မြန်မာစုကျောင်း၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟေ ာပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ပြုလုပ်ရာတွင် မြို့ဦးစီးမှူးဒေါ်နော်ခူးခူးက ကျောင်းသား/သူများအား ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ အမျိုး သားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဗြိတိသျှတို့၏ ပြဌာန်းသော ရန်ကုန်တက္ကသိုလ်အက်ဥပဒေများ၊ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသည့် ကျောင်းသားကြီး(၁၁)ဦးအကြောင်းနှင့် အမျိုးသားရေးစိတ်ဓာတ် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာရေး သိကောင်းစရာတို့ကို အသိပညာပေး ဆွေးနွေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံနှင့်ဓါတ်ပုံပိုစတာများ မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသားလူငယ်များက စိတ်ပါ ဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)