အမျိုးသားအဆင့် အိုင်စီတီစွမ်းရည်ဆုပြိုင်ပွဲ ၂၀၂၅ ကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၂၀

ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်တို့ ပူးပေါင်းကျင်းပသည့် အမျိုးသားအဆင့် အိုင်စီတီစွမ်းရည်ဆုပြိုင်ပွဲ ၂၀၂၅ National ICT Award 2025 (Educational Project and Skills Competition) တိုင်းဒေသကြီးနှင့် ပြည်နယ်ပေါင်းစုံ ဗဟိုအဆင့်ပြိုင်ပွဲကို ယနေနံနက် (၉)နာရီက ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ အမှတ်(၄) အခြေခံပညာထက်တန်းကျောင်ရှိ သီရိရတနာခန်းမတွင် ကျင်းခဲ့ရာ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်၊ ဆရာအဆင့်၊ စီမံရေးရာဝန်ထမ်းအဆင့် ပြိုင်ပွဲများသို့ တိုင်းဒေသကြီး၊ ပြည်နယ်များမှာ အဖွဲ့ပေါင်း (၅၅)ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့ ပူးပေါင်းပြီး ၂၀၀၄ ခုနှစ်မှစတင်၍ ပညာရေးကဏ္ဍတွင် ICT နည်းပညာများကို အပြည့်အဝအသုံးချနိုင်စေရန် ICT နယ်ပယ်တွင် ထူးချွန်ထက်မြက်သော မြန်မာလူငယ်ပညာရှင်များ ပေါ်ပေါက်လာစေရန်၊ ဆရာ၊ ဆရာမများအနေဖြင့် ICT နည်းပညာ ပိုမိုကျွမ်းကျင်လာစေရန်နှင့် သင်ကြားသင်ယူမှုတွင် ICT အထောက်အကူပြု သင်ခန်းစာများ ဖန်တီးသင်ကြားလာနိုင်စေရန်၊ နိုင်ငံတကာအဆင့် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်သော ပညာရှင်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပခဲ့ရာ တိုင်းဒေသကြီး/ပြည်နယ်များရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်အနေနဲ့ တွေးခေါ်မျှော်မြင်မှု၊ နည်းပညာနှင့် စီမံခန့်ခွဲရေးတို့မှာ ထူးခြားထက်မြက်တဲ့ လူငယ်တွေရဲ့ စွမ်းရည်များအား ဖော်ထုတ်ပံ့ပိုးပေးဖို့ ပြိုင်ပွဲများကျင်းပပြုခြင်း၊ Digital Economy Development, MSME, Legal Infrastructure, e-Education နှင့် e-Government အကောင်အထည်ဖော် ဆောင်နိုင်ရေးတို့ကို အထူးဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြိုင်ပွဲများကို ဒီဇင်ဘာ (၂၀)၊(၂၁)ရက် တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ဒီဇင်ဘာ (၂၂)ရက်နေ့တွင် ဆုချီမြှင့်ပွဲကို ဆက်လက်ကျင်းပ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဆန်းမြင့်