မောက်မယ် နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကျောင်းသား ကျောင်းသူများ မျိုးချစ်စိတ်ဓါတ်များ ပိုမိုရင့်သန်လာစေရန် ၊ မိမိနိုင်ငံ၏နေ့ထူးနေ့မြတ်ကို အလေးထားသတိရရှိစေရန် အနာဂတ်မျိုးဆက်သစ်လူငယ်များ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်)၌ ယနေ့ နံနက် (၁၀) နာရီခွဲက (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက အမျိုး သားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်း သိကောင်းစရာများ၊ အမျိုးသားရေးစိတ်ဓါတ်၏ အရေးပါမှု၊ နှစ်စဉ် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို နိုင်ငံတစ်ဝှမ်း စည်ကားသိုက်မြိုက်စွာ ကျင်းပပေးလျက်ရှိကြောင်း ကျောင်းသားကျောင်းသူလေးများ အနေဖြင့် မိမိတို့နိုင်ငံ၏ အမျိုးသားအောင်ပွဲနေ့ကို တန်ဖိုးထားအမှတ်ရနေစေရန်၊ နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့ရောက်တိုင်း အမျိုးသားအောင်ပွဲနေ့ကို အမှတ်ရ နေစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဟောပြောပွဲ ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်း ဟောပြောခဲ့ပြီး ဝန်ထမ်းများက (၁၀၂) နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ရာ လက်ကမ်းစာစောင်တွင် နိုင်ငံဘက်စုံဖွံ့ဖြိုးဖို့ တိုင်းရင်းသားအားလုံး စည်းလုံး ညီညွတ်စို့၊ ၂၀၂၂ခုနှစ် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ပညာရေး မျှော်မှန်းချက်၊ သူ့ကျွန်မခံအမျိုးသားမာန် ၊ အမျိုးသားရေးအားမာန် ၊ လူငယ်တွေရဲ့ခေတ် ၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး ၊ မှန်ကန်သော မျိုးချစ်စိတ်ဓါတ်များရှိရန် အထူးလိုအပ် ၊ ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့စသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)