စလင်း နိုဝင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ စည်ပင်သာယာမြို့မစျေးနှင့် ဆင်ဖြူကျွန်းမြို့ စည်ပင်သာယာစျေးကြီး အတွင်း၊ အပြင်ရှိ စျေးဆိုင်ခန်းများအား ယမန်နေ့ နံနက်ပိုင်းက မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် စျေးဆိုင်များတွင်ထားရှိသည့် မီးသတ်ဆေးဗူးများ ကောင်းမွန်ရေးနှင့် လျှပ်စစ်မီးဘုတ်ခုံများ၊ မီးကြိုးများ စနစ်တကျ သွယ်တန်းထားရေးနှင့် အမြင့်တင်ရေကန်များတွင် ရေဖြည့်ထားခြင်း၊ ဒိုင်းရှင်းရေစုပ်စက်များအား စမ်းသတ်မောင်းနှင်ခြင်းများပြုလုပ်၍ မီးချိတ်၊ မီးကပ် စသည့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို စစ်ဆေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ခြင်းများကို စလင်းမြို့ စည်ပင်သာယာစျေးအား မြို့နယ်မီးသတဦးစီးဌာနမှ မီးသတဦးစီးမှူး ဦးဟိန်းဇော်လင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စလင်းစည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ စည်ပင်သာယာစျေးတာဝန်ခံ ဦးညီညီစန်း၊ စလင်းမြို့နယ် လျှပ်စစ်မန်နေဂျာ ဦးမြင့်ခိုင်နှင့် လျှပ်စစ်ဝန်ထမ်းများ၊ ဆင်ဖြူကျွန်းမြို့စည်ပင်သာယာကော်မတီ ဦးကျော်မြင့်၊ စျေးကော်မတီ ဦးဇော်ဝင်း၊ စျေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ ဆင်ဖြူကျွန်းမြို့ မြို့နယ် လက်ထောက်မီးသတ်ဦးစီးမှူး ဦးကြည်လင်နှင့် ဆင်ဖြူကျွန်းမြို့မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ စျေးဆိုင်ပိုင်ရှင်များအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်