တောင်ငူ နိုဝင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကို ယမန်နေ့ နံနက်ပိုင်းက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။
မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) ဒုတိယပါမောက္ခချုပ် ဒေါက်တာကြူကြူဝင်းက ကြိုဆိုနှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားပြီး ဌာနမှူး၊ သင်တန်းမှူး ၊ အဆောင်မှူးများက မိတ်ဆက်စကားပြောကြားသည်။
ထို့နောက် Faculty of Computer System and Technologies (FCST) ဌာနမှူး ပါမောက္ခ ဒေါက်တာဇာလီချို၊ Faculty of Computer Science (FCS) ဌာနမှူး တွဲဖက်ပါမောက္ခ ဒေါက်တာသူဇာလှိုင်၊ Faculty Of information Science (FCS)ဌာနမှူး တွဲဖက်ပါမောက္ခ ဒေါက်တာကြည်ဇာညွှန့် ၊ Department of information Technology Supporting and Maintenance (ITSM) ဌာနမှူးပါမောက္ခ ဒေါက်တာပိုင်သွယ်စိုးတို့မှ ဘာသာရပ်အလိုက် မိတ်ဆက်ပြောကြားပြီး Credit Transfer System ဖြင့် စာသငကြားရေးစနစ်အကြောင်း ရှင်းလင်းပြောကြားသည်။
ကွန်ပျူတာတက္ကသိုလ် ( တောင်ငူ ) တွင် ( ၂၀၂၂-၂၀၂၃ ) ပညာသင်နှစ် သင်တန်းနှစ် အသီးသီးတွင် ကျောင်းသား / သူ ( ၃၇၅) ဦး တက်ရောက်လျက်ရှိကြပြီး တက္ကသိုလ်၏ စီမံ/ သင်ကြားရေး ဆရာ / ဆရာမ(၄၆)ဦးမှ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်