သရက်ချောင်း နိုဝင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမူဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းမဖက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက အမျိုးသမီးများအပေါ် အကြမ်းမဖက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အသိပညာပေးဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ သည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ လူမူဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှလှထွန်းက အမျိုးသမီးများအပေါ် အကြမ်းမဖက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်အနေဖြင့် နိုဝင်ဘာ (၂၅) ရက်နေ့မှ ဒီဇင်ဘာ (၁၀) ရက်နေ့အထိ လူထုလှုပ်ရှားမှုများကို နှစ်စဉ်ကျင်းပ လျက်ရှိကြောင်း၊ အမျိုးသမီးများအပေါ် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းဆိုင်ရာ သိကောင်းစရာများကို သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သားကြီး (သရက်ချောင်း)