မော်လမြိုင် နိုဝင်ဘာ ၃၀
၂ဝ၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော မသန်စွမ်းသူများ ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းက အားကစားနှင့်ကာယသိပ္ပံလေ့ကျင့်ရေးကျောင်း(မော်လမြိုင်)ရှိ ကျောင်းအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မသန်စွမ်းသူပြိုင်ပွဲဝင် အားကစားသမားများ၏ အမျိုးသားဒူးအောက်တစ်ဖက်မီတာ(၁၀၀)အပြေးပြိုင်ပွဲ၊ အမျိုးသားသူငယ်နာအကြောတင်းမီတာ(၁၀၀)အပြေးပြိုင်ပွဲ၊ အမျိုးသားမီတာ(၁၀၀)လေးဘီးတပ်ဝှီးချဲ့တွန်းပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြမှုအပေါ် ပြည်နယ်၀န်ကြီးချုပ်ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် မသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစားအလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသည့် ပြိုင်ပွဲဝင်အားကစားသမားများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး မသန်စွမ်းဆုရအားကစားသမားများကို ပြည်နယ်၀န်ကြီးချုပ်နှင့်၀န်ကြီးများက ရင်းရင်းနှီးနှီး လိုက်လံအားပေးနှုတ်ဆက်ခဲ့သည်။
အဆိုပါ မသန်စွမ်းပြိုင်ပွဲများကို အားကစားနည်း(၁၅)မျိုးဖြင့် မွန်ပြည်နယ်မှ မသန်စွမ်းအားကစားသမား စုစုပေါင်း(၅၅)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။
ခင်စန်းမြင့်ခရိုင်ပြန်/ဆက်