ကာလိမြို့ ကလေးစာဖတ်ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

ကာလိ နိုဝင်ဘာ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန အ.မ.က(မိုင်းယိုင်း)ကျောင်းတို့ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူလူငယ်များအတွက် ယမန်နေ့နံနက်(၉)နာရီအချိန်တွင် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို အဆိုပါရုံးရှိ ကလေးစာဖတ်ခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ထင်ထင်ကျော်က ကျောင်းသား/ကျောင်းသူများ ပြိုင်ပွဲတွင်ပါဝင် ယှဉ်ပြိုင်လိုစိတ်ရှိစေရန်နှင့်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စိတ်ပျော်ရွှင်ကြည်နူးစေရန်၊ စာကြည့်တိုက်ကိုအသုံးပြုတက်စေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချတက်စေရန်၊ ဆေးရောင်များကို လှပစွာအသုံးပြုတက်စေရန်၊ ကဗျာများရွတ်ဆိုတက်စေရန်နှင့် အပြောစွမ်းရည်တိုးတက်စေရန် ရည်ရွယ်ပြီး ပြိုင်ပွဲပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ(၂၀)ဦးခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပါဝင်ယှဉ်ပြိုင်သည့် ကျောင်းသား/ ကျောင်းသူများကို မုန့်နှင့်အချိုရည်များဝေငှပေးခဲ့ကြောင်း သိရသည်။

ထင်ထင်(ကာလိ၊ ပြန်/ဆက်)