မိုင်းတုံ ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ အစည်းအဝေးခန်းမတွင် မိုင်းတုံ ခရိုင်/မြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ စုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ၂နာရီ ၃၀မိနစ်အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ပထမဦးစွာ မိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွန်းကျော်က ခရိုင်/မြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လစဉ် လကုန်ရက်တိုင်း မိမိတို့လုပ်ငန်းဆောင်ရွက်ချက်အပေါ် အခက်အခဲရှိ/ မရှိ၊ ရှိခဲ့ပါက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ ဌာနဆိုင်ရာ ရုံးများတွင် ခရိုင်အဆင့်တိုးမြင့်ထားသည်မှာ လုပ်ငန်းဆောင်ရွက်သည့်အခါ ပိုမိုလျင်မြန်စွာဆောင်ရွက်နိုင်ပြီး လုပ်ငန်းများတိုးတက်အောင်မြင်စေရန်အတွက်ဖြစ်ကြောင်း၊ ယခုကာလတွင် ကိုဗစ်-၁၉ရောဂါနဲ့ပတ်သက်ပြီး စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက် စေလိုကြောင်း၊ ဒီဇင်ဘာလ ရောက်ပြီဖြစ်သည့်အတွက် အပတ်စဉ် စနေနေ့တိုင်း လမ်းလျှောက်ပွဲများ ကျင်းပသွားလိုကြောင်း၊ ဌာနအလိုက် မိမိတို့လုပ်ဆောင်နေမှုနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက တင်ပြရန် အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးလှအေးကလည်းကောင်း၊ ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်းကလည်း လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းခဲ့သည်။ ဆက်လက်ပြီး ခရိုင်/မြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ လုပ်ငန်းဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)