သန်လျင်မြို့နယ်ကျေးရွာများသို့ ပန်းခင်းအဆင့် (၃) ဖြင့် နိုင်ငံသားစီစစ်ရေးကဒ်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သန်လျင်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ ဒီဇင်ဘာ ၂၀ ရက်နေ့ နံနက်ပိုင်းက သန်လျင်မြို့နယ် ကုလားဝဲကျေးရွာအုပ်စု၊ ဆေးလုံးကြီးကျေးရွာနှင့် ဘုရားကုန်းကျေးရွာအုပ်စုများသို့ ပန်းခင်းအဆင့် (၃) စီမံချက်ဖြင့် အဖွဲ့များခွဲ၍ ကွင်းဆင်းကာ နိုင်ငံသားစီစစ်ရေးကတ် အသက် (၁၀-၁၈) နှစ်ကြားနှင့် (၁၈) နှစ်အထက်ရှိသူများအား ဆောင်ရွက်ပေးခဲ့သည်။ အလားတူ (M) အိမ်ထောင်စုစာရင်းများကိုလည်း တပါတည်းဆောင်ရွက်ပေးလျက်ရှိသည်။

ဒေးဒရဲမြို့၌ ကျေးလက်ဖွံ့ဖြိုးရေး ကျေးရွာချင်းဆက်လမ်း ခင်းကျင်းပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသထွက်ကုန်များ ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်စေရေးရည်ရွယ်၍ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည့်  ကျေးရွာချင်းဆက် ကဖွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ယနေ့နံနက်ပိုင်းက မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲ အခမ်းအနား ကျင်းပ

‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် သံလျှက်မှော်အရှေ့ရပ်ကွက်၌ အများပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မဟာအောင်မြေမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအနေဖြင့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားစိစစ်ရေးကတ်ကိုင်ကြစို့” ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ ပျက်စီးသူ ၁၄၀ ဦးနှင့်အသက် ၁၈ နှစ်ပြည့်ပြီး မှတ်ပုံတင်မကိုင်ဆောင်ဘူးသူ ၁၅ ဦးအား ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက်  နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ဒီဇင်ဘာ ၂၂ ရက်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေကျင်မြို့နယ်တွင် မကူးစက်တတ်သောရောဂါများ ရှာဖွေစစ်ဆေးကုသမှုနှင့် သက်ကြီးရွယ်အိုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက်(၄၀)နှစ်အထက် ပြည်သူများနှင့် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို ယနေ့တွင် ကွင်းဆင်းပြုလုပ်ခဲ့သည်။

ပြည်မြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေး

ပြည်တွင်းအခွန်များဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော အခွန်ဆိုင်ရာသိမှတ်ဖွယ်ရာအကြောင်းများကို ပြည်မြို့နယ်အတွင်း အခွန်ထမ်းပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်ရည်ရွယ်၍ ဒီဇဂ်ဘာ ၁၈ ရက်က ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ အခွန်ဆိုင်ရာ ပညာပေးရှင်းလင်းဆွေးနွေးပွဲပြုလုပ်သည်။

ငပုတောမြို့နယ်၌ သက္ကယ်ချောင်းကျေးရွာအုပ်စုတွင် ဆောင်းဆီထွက်သီးနှံ နေကြာမျိုးစေ့ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ်၊ သက္ကယ်‌ချောင်းကျေးရွာအုပ်စုတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးဆောင်၍ ၂၀၂၅-၂၀၂၆ ခုနှစ်ဆောင်းဆီထွက်သီးနှံနေကြာမျိုးစေ့ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကွင်းအမှတ် (၁၃၆၆)(ဘီ)၊ ဦးပိုင်အမှတ် (၇/၈)၊တောင်သူ ဦးစိုးချစ်၏ လယ်မြေတွင်(၃)ဧကတွင် ကျင်းပပြုလုပ်သည်။

စလင်းမြို့နယ်၌ ဒေသမျိုး(ဧရာမင်း)စပါးစိုက်ခင်း စံကွက်ရိတ်သိမ်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြေစာရင်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနက ဦးစီးကျင်းပသည့် ဧရမင်းစပါးစိုက်ခင်း စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်ပိုင်းက ကူဖြူကျေးရွာအုပ်စုရှိ ကွင်းအမှတ် (၄၉၀)၊ ဦးပိုင်အမှတ် (၆၉) ရှိ ဧရိယာတွင် စိုက်ပျိုးထားသော တောင်သူ ဦးသန်းနိုင်၏ စပါးစိုက်ဧက (၁.၀၇) ဧကအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။

ဖယ်ခုံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ ပြန်လည်ဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ ဖယ်ခုံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲကို ပြန်လည်ဖွင့်လှစ်သည့်အခမ်းအနားအား ယနေ့နံနက် ၉ နာရီအချိန်ကက ကျင်းပပြုလုပ်ရာ နယ်မြေခံတပ်မတော်မှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြစ်သားမြို့နယ်၌ မဲရုံများပြင်ဆင်ထားမှု ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်သည် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၂၁ ရက် နံနက် ၉ နာရီခွဲက မြို့ပေါ်စာသင်ကျောင်းများရှိ မဲရုံတည်နေရာများသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။
Subscribe to