မအူပင်မြို့၌ အခြေခံရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ အခြေခံရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အမှတ် (၉) ရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးမှူးရုံးခန်းမတွင် ကျင်းပပြုလုပ်သည်။

ချောင်းသာ (အ.လ.က) ၌ ကျောင်းအခြေပြု တီဘီရောဂါကွင်းဆင်းရှာဖွေခြင်း ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ကျန်းမာရေးဌာနက ကျောင်းအခြေပြုတီဘီ ရောဂါကွင်းဆင်းရှာဖွေခြင်းကို ယနေ့နံနက် (၁၀) နာရီက အ.လ.က (ချောင်းသာ) တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

POLYTECHNIC UNIVERSITY (MAUBIN) FACULTY OF COMPUTING ၌ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ POLYTECHNIC UNIVERSITY (MAUBIN) FACULTY OF COMPUTING ၌ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားအား ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းရှိ စုဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး  ဆက်လက်ထိုးနှံပေး

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပြည်မြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံးလူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပရာ ပြည်မြို့အမှတ်(၅)အခြေခံပညာကျောင်းမှ ဆရာ၊ ဆရာမများနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ကျောက်ဆည်မြို့ အမှတ် (၇) မူလတန်း (လွန်) ကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ် (၇) မူလတန်း (လွန်) ကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက အဆိုပါကျောင်း တန်းစီကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကုလားပဲ ၄၂၄၇၇ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကာ သီးနှံအထွက်နှုန်းတိုးပွားရေး တောင်သူများ ကြိုးပမ်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကုလားပဲသီးနှံ ၄၂၄၇၇ ဧကထိ စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်းနှင့် သီးနှံအထွက်နှုန်းများ တိုးတက်စေရန် လိုအပ်သော စိုက်ပျိုးရေးသွင်းအားစုများ ထည့်သွင်းခြင်းနှင့် ပိုးမွှားရောဂါ မကျရောက်စေရေး ကြိုတင်ကာကွယ်နှိမ်နင်းခြင်းစသည့် လုပ်ငန်းများကို ဒေသခံတောင်သူများက အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သဲကုန်းမြို့နယ်တွင် ကွမ်းရွက်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်း ကျေးရွာများရှိဒေသခံ​တောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်လျက်ရှိရာ အပိုဝင်ငွေတိုးပွားစေရန် ဥယျာဉ်ခြံမြေများတွင် သီးပင်စားပင်များစိုက်ပျိုးရောင်းချလျက်ရှိပြီး တစ်ပိုင်တစ်နိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း ကွမ်းရွက်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိသည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ကျွန်းစုမြို့နယ်၏ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ကျွန်းစုမြို့နယ် မအိုင်ကျေးရွာအုပ်စု ပထက်ကျေးရွာရှိ အ.ထ.က (ပထက်) ကျောင်းတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျွန်းရွှေဝါခန်းမတွင် ကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲသို့ တက်ရောက်ခဲ့ကြသည်။

အ.ထ.က(ခွဲ)ကျွန်းတော၌ ကျောင်းတွင်းပျော်ပွဲရွှင်ပွဲအဖြစ် နိဗ္ဗာန်စျေးပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ကျွန်းတောရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကျွန်းတောတွင် ကျောင်းသား၊ ကျောင်းသူ အလှူရှင်များက ကျောင်းတွင်းပျော်ပွဲရွှင်ပွဲအဖြစ် နိဗ္ဗာန်စျေးပွဲတော်ကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းဝင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to