ပျော်ဘွယ် ဒီဇင်ဘာ ၂၈
ပျော်ဘွယ်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခြင်းကို ယနေ့နံနက်(၆)နာရီက သက်ဆိုင်ရာ မဲရုံအသီးသီးတွင်ပြုလုပ်လျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ စည်ကားသိုက်မြိုက်စွာလာရောက် ဆန္ဒမဲပေးလျက်ရှိကြသည်။
ထိုကဲ့သို့ဆန္ဒမဲပေးလျက်ရှိရာတွင် သက်ဆိုင်ရာမဲရုံများ၌ တာဝန်ထမ်းဆောင်နေသူများက ပြည်သူများအနေဖြင့် လွယ်ကူလျှင်မြန်စွာဆန္ဒမဲပေးနိုင်ရန် ကူညီဆောင်ရွက်ပေးခြင်း၊ အသက်ကြီးသူများအား မဲရုံအတွင်းသွားလာနိုင်ရေး ကူညီဆောင်ရွက်ပေးခြင်းတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများအားလုံး ပူးပေါင်းဆောင်ရွက်လျက်ရှိကြသည်။
ပျော်ဘွယ်မြို့နယ်တွင် မဲရုံပေါင်း(၁၇၄)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်းမှာ (၁၈၆,၆၇၄)ဦးဖြစ်ကြောင်း၊ ပြည်သူများဆန္ဒမဲပေးရာသို့ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးလျက်ရှိကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)