ချမ်းအေးသာစံမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ လာရောက်ဆန္ဒမဲပေး

ချမ်းအေးသာစံ  ဒီဇင်ဘာ ၂၈

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်း(၁)ကို ယနေ့ နံနက် ၆ နာရီမှစတင်  ကျင်းပရာ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ မဲရုံများ၌ ကျင်းပသည်။

မြို့နယ်အတွင်း သက်ဆိုင်ရာရပ်ကွက်များရှိ မဲရုံများတွင် လာရောက်ဆန္ဒမဲပေးကြသည့် အများပြည်သူများအား စိတ်အေးချမ်းသာစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံများတွင်တာဝန်ရှိသူများ၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက  ပူးပေါင်း စီစဉ်ဆောင်ရွက် ပေးသည်။ ချမ်းအေးသာစံမြို့နယ်၌ ရပ်ကွက် ၂၀ ၌ စုစုပေါင်း မဲရုံ  ၇၀၊ စုစုပေါင်း မဲဆန္ဒရှင်ဦးရေ ၁၂၆၀၆၂ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)