ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ချင်းပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့်က ဟားခါးမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာဆန္ဒမဲပေးနေမှုကို ကြည့်ရှု

ဟားခါး     ဒီဇင်ဘာ   ၂၈

ချင်းပြည်နယ်၊ ဟားခါးမြို့၌ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပထမပိုင်း ကျင်းပနေမှုနှင့် မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများက အေးချမ်းစွာမဲပေးနေမှုအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ချင်းပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့်က သွားရောက်ကြည့်ရှုသည်။

ဟားခါးမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ၌ မြို့ပေါ် ရပ်ကွက် (၈) ရပ်ကွက်တွင် မဲရုံ ( ၁၂ ) ရုံဖွင့်လှစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရးပါတီ ၊ ချင်းပြည်သစ်ကွန်ဂရစ်ပါတီ ၊ ခူမီးအမျိုးသားပါတီနှင့် ပြည်သူ့ရှေ့ဆောင်ပါတီတို့ ဝင်ရောက်ယှဉ်ပြိုင် လျက်ရှိကြောင်း သိရသည်။

 (ခရိုင် ပြန်/ဆက်)