ပုဂံမြို့ လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်း ရွှေမိုက်လေလံတင်ရောင်းချပွဲအခမ်းအနား ကျင်းပ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ သီရိပစ္စယာရပ်ရှိ လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်း ရွှေမိုက် လေလံတင်ရောင်းချခြင်းအခမ်းအနားကို ဇန်နဝါရီ ၂၇ ရက်၊ နံနက် ၁၀ နာရီအချိန်က လောကနန္ဒာစွယ်တော်မြတ်စေတီရင်ပြင်တော် တန်ဆောင်းတော်တွင် လေလံတင်ရောင်းချခြင်း အခမ်းအနား ကျင်းပခဲ့သည်။