သဲကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကာယစွမ်းရည်တိုးတက်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် ကျောင်းတွင်းအာကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်က မြို့နယ်အတွင်းရှိအခြေခံပညာ(အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ကျောင်းများတွင် ကျင်းပဆောင်ရွက်လျက်ရှိသည်။