ကြံခင်းမြို့နယ်ရုံးတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ စာပေချစ်မြတ်နိုးသူများအဖွဲ့(Women Club)နှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်က မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ စာပေချစ်မြတ်နိုးသူများအဖွဲ့ Women Club အဖွဲ့နှင့်ပူးပေါင်း၍ စာရေးဆရာ ညီညီဈာန်ရေးသားသော ပျော်ရွှင်မှုကိုတည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်သည်။