စေတုတ္တရာ ဇူလိုင်လ ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူး၍ ကလေးသူငယ်များ ကယာစွမ်းရည် ထက်မြက်လာစေရန်၊ လူအများရှေ့တွင် ရဲရင့်စွာ ပြောဆိုတတ်စေရန်၊ စည်းလုံးညီညွတ်မှုရှိစေရန် ရည်ရွယ်၍ ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီက စေတုတ္တရာမြို့နယ် အားကစားကွင်း၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲတွင် သားငယ်၊ သမီးငယ်များက အပြေး၊ဂုဏ်နီအိတ်ဆွတ်ပြိုင်ပွဲ၊ဇကောရွက်ပြိုင်ပွဲအစရှိသည့်ပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်ကြသည်။
အဆိုပါအခမ်းအနားတွင် ပညာရေးမှုးရုံးဆရာကြီး ဦးအောင်မြင်ဌေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမနှင့်ဆရာမများကဆုရရှိသည့် သားငယ်၊ သမီးငယ်များအား ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)