ပေါက်ခေါင်း ဇန်နဝါရီ ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင်လည်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်ခင်ချောမြင့်တို့က အမှတ် (၁)ရပ်ကွက်မဲရုံတည်ရှိရာ အမှတ်(၁)အခြေခံပညာအထက်တန်းခွဲကျောင်း၊ အမှတ်(၂)ရပ်ကွက်မဲရုံတည်ရှိရာ အ.မ.က အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၃)ရပ်ကွက်မဲရုံတည်ရှိရာ လေးမျက်နှာဇာတ်ရုံ၊ အမှတ်(၄)ရပ်ကွက်မဲရုံတည်ရှိရာ အ.ထ.က(ပေါက်ခေါင်း)နှင့် အမှတ်(၅)ရပ်ကွက် မဲရုံတည်ရှိရာ အ.ထ.က(အိုးဘိုကုန်း)တို့တွင် မဲရုံအဖြစ် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည်ရှုစစ်ဆေးခဲ့ကြပြီး မဲရုံမှူး၊ ဒုမဲရုံမှူးများ၊ မဲရုံအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)