လွိုင်လင် ဇန်နဝါရီ ၁၁
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင်ပါဝင်သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၊ ဟဲဆိုင်ကျေးရွာအုပ်စု၊ မဲရုံအမှတ်(၁)မဲရုံတွင် ယနေ့နံနက် ၆ နာရီမှစတင်၍ မဲဆန္ဒရှင်ပြည်သူများ လာရောက်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
လဲချားမြို့နယ်၊ ဟဲဆိုင်ကျေးရွာအုပ်စုတွင် ဟဲဆိုင်ကျေးရွာ၊ နောင်ကျိုင်ကျေးရွာ၊ နမ့်ပေါက်ကျေးရွာနှင့် ဝမ်လုတ်ကျေးရွာ (၄)ရွာရှိပြီး မဲဆန္ဒရှင်ပြည်သူ (၃၈၃)ဦးရှိကြောင်း ကျေးရွာကော်မရှင်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ခရိုင်(ပြန်/ဆက်)