၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ(အပိုင်း-၂)တွင်ပါဝင်သည့် စဉ့်ကိုင်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ လာရောက်‌ဆန္ဒမဲပေး

စဉ့်ကိုင် ဇန်နဝါရီ ၁၁

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ(အပိုင်း-၂)တွင်ပါဝင်သည့် မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ ပါတီစုံဒီမိုကရေစီအထွေ‌ထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီမှစတင်ကာ ကျင်းပလျက်ရှိကြရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများ လာရောက်ဆန္ဒမဲပေးလျက်ရှိကြကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများအလိုက် မဲရုံအသီးသီးတို့တွင် လာရောက်ဆန္ဒမဲပေးကြသည့် မဲဆန္ဒရှင်ပြည်သူများအား ဆန္ဒမဲပေးနိုင်ရေးအတွက် ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ မဲရုံတာဝန်ကျဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ ‌ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများက ပူးပေါင်းကာ ဆန္ဒမဲပေးရာ၌ စနစ်တကျဖြစ်အောင် စီစဥ်ဆောင်ရွက်ပေးလျက်ရှိ‌ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု ၅၃ အုပ်စုရှိ မဲရုံ ၁၁၉ ရုံ သတ်မှတ်ထားပြီး အသက် ၁၈ နှစ်နှင့်အထက် ဆန္ဒမဲပေးရန် အကျုံးဝင်သည့် အမျိုးသားဦးရေ ၅၀၅၆၇ ယောက်၊ အမျိုးသမီးဦးရေ ၅၉၄၃၇ ယောက်၊ စုစုပေါင်းလူဦးရေ ၁၁၀၀၀၄ ယောက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ဦးစီးအရာရှိထံမှ သိရှိရသည်။ 

ကျော်စွာ (စဉ့်ကိုင်)