ဖျာပုံ ဇန်နဝါရီ ၁၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံ ဦးတင်ဆွေဝင်းနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီ ၁၁ ရက် ယနေ့နံနက်ပိုင်းက ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း (၂) တွင်ပါဝင်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်အတွင်းရှိ မဲရုံများ၌ပြည်သူများ အေးချမ်းစွာဆန္ဒမဲလာရောက်ပေးနေမှုအား လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံဦးတင်ဆွေဝင်းသည် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ ဥက္ကဋ္ဌ ဦးသန့်ဇင်လတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ လိုက်ပါလျက် ဖျာပုံမြို့ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ မဲရုံအသီးသီး၌ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ဆန္ဒမဲလာရောက် ပေးနေမှုအား ကြည့်ရှုအားပေးပြီး ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ ဆုံနုတ်ဆက်သည်။
ယင်းနောက် ရပ်/ ကျေး ကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံတာဝန်ခံ များအားဆန္ဒမဲလာရောက်ပေးသည့် ပြည်သူများစိတ်အေးချမ်းသာစွာ မဲပေးနိုင်ရေးနှင့် စနစ်တကျဖြစ်စေရေးတို့အား လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။ ဖျာပုံမြို့နယ်တွင် ကျေးရွာအုပ်စု (၇၅)အုပ်စု၌ မဲရုံပေါင်း(၁၇၇)ရုံအား ဆန္ဒမဲပေးရန် ဆောင်ရွက်ထားပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၂၀၀၉၉၉)ဦး ရှိကြောင်း သိရှိရသည်။
အောင်ဝင်းနိုင် (ဖျာပုံခရိုင်ပြန်/ဆက်)