မြဝတီမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်လျက်ရှိ

မြဝတီ  မေ  ၂

ကရင်ပြည်နယ်၊ မြဝတီမြို့၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများတွင် ယမန်နေ့နံနက်(၉)နာရီကစတင်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းကို စတင်ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းသားမိဘများမှ ကျောင်းသား/ကျောင်းသူများအား လာရောက်အပ်နှံလျက်ရှိကြောင်း သိရသည်။

ကျောင်းအပ်လက်ခံခြင်းကို အသက်(၅)နှစ်အရွယ်ကလေးများကို သူငယ်တန်း(KG)တွင်အပ်နှံ၍ (၆)နှစ်အရွယ် ကလေးများကို ပထမတန်း(Grade-1)သို့ အပ်နှံရမည်ဖြစ်ပြီး ကျောင်းအပ်ရာတွင် မည်သည့်အခကြေးငွေမျှ ပေးသွင်းရန်မလိုဘဲ ကျောင်းသား/ကျောင်းသူများကို ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို အခမဲ့ထုတ်ပေး သွားမည်ဖြစ်သည်။

အဆိုပါကျောင်းအပ်နှံရေးနေ့ကို မေလ(၂၃)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ သတ်မှတ်ထားပြီး  ကျောင်းသား၊ ကျောင်းသူများအတွက် ဖတ်စာအုပ်၊ ကျောင်းသုံးဗလာ စာအုပ်၊ ခဲတံ၊  ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည်။

မြဝတီမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၉၀) ကျောင်းတွင် ကျောင်းအပ်လက်ခံလျက်ရှိကာ မေလ(၂၃) ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ်  ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဇွန်လ(၁)ရက်နေ့မှ စတင်ကာ အခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်၍ ကျောင်းသင်ခန်းစာများ သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ညာရေးမှူး ဦးမြင့်ဦးထံမှ သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)