ကျုံပျော်တွင် မိုးရာသီ စပါးသီးနှံ တစ်ဧက (၁၀)တင်း ပိုတိုးထွက်ရှိရေး ပညာပေး သင်တန်းဖွင့်လှစ်

ကျုံပျော် မေ ၂၅

၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးရာသီ စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်ရာတွင် တစ်ဧက အထွက်နှုန်း (၁၀)တင်း ပိုတိုးထွက်ရှိရေး ပညာပေးသင်တန်းဖွင့်ပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၌ မေလ ၂၅ ရက် နံနက် ၉ နာရီ အချိန်က ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ကျော်က တစ်ဧက အထွက်နှုန်း(၁၀)တင်း ပိုတိုးထွက်ရှိရေးနှင့် ပတ်သက်သည်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဌေးမြင့် ဦးဆောင်သည့် သင်တန်း ဆရာ၊ ဆရာမ(၆)ဦးတို့က မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၈၉)အုပ်စုတို့မှ တစ်ဧက တင်း(၁၀၀) ထွက်ရှိနိုင်သည့် တောင်သူများ၊ မျိုးစေ့ထုတ် တောင်သူများနှင့် ဌာနဝန်ထမ်းများ၊ စုစုပေါင်း (၁၂၅)ဦးတို့အား မြေဆီလွှာ၊ မျိုး၊ ပိုးမွှားရောဂါ၊ ပေါင်းပင်များ အကြောင်းနှင့် ရိတ်သိမ်းချိန်လွန်နည်းပညာများကို နံနက် ၉ နာရီမှ နေ့လည် ၁ နာရီအထိ တစ်နေ့တာ သင်တန်းဖွင့်လှစ် သင်ကြား ပေးခဲ့ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)