ဟုမ္မလင်း မေ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ ပေါ်ရပ်ကွက်များ၌ ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များအား ကျန်းမာရေးနှင့် အညီ သန်းရှင်းသပ်ရပ်စွာ ချက်ပြုတ်ရောင်းချမှု ရှိ/မရှိ၊ ကုန်ဆုံဆိုင်များအတွင်း သုံးရန်မသင့်သည့် သက်တမ်းလွန် အစား အသောက်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို မေလ (၂၄)ရက်နေ့ နံနက် (၉)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြ ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်သို့ ဟုမ္မလင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး လှမောင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေမှူး ဦးကျော်သိန်းထွန်း၊ မြို့နယ်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ကျော်တင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စာသုံးသူရေးရာတာဝန်ခံ ဒေါ်ခင်စန်းဝင်း၊ သက်ဆိုင်ရာတာဝန်ရှိ ဌာနဆိုင်ရာများက ပူးပေါင်း၍ ဟုမ္မလင်းမြို့ ပေါ်ရပ်ကွက်နှင့် ကမ်းနားလမ်းရှိ စားသောက်ဆိုင်၊ ကုန်ဆုံဆိုင်များအား စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)