နတ်မောက်မြို့နယ် ကြူအိုင်ကျေးရွာတွင် ကျောင်းသား/သူများအား ယဉ်ကျေးလိမ္မာသင်တန်း  ဖွင့်လှစ်သင်ကြားပေး

နတ်မောက် မေ ၂၆

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကြူအိုင်ကျေးရွာတွင် ကျောင်းသား/သူများအား ယဉ်ကျေးလိမ္မာသင်တန်းကို ရွာဦးဘုန်းတော်ကြီးကျောင်း၌ သင်ကြားပေးလျက်ရှိသည်။  

အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းသို့ ကြူအိုင်ကျေးရွာ၊ န/လက်ခုပ်ပင်ကျေးရွာမှ ကျောင်းသား/သူများ တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းတွင် ဗုဒ္ဓဘာသာသာသနာအား အစဉ်စောင့်ရှောက်ထိန်းသိမ်းလိုသည့်စိတ်များ ရင့်သန်ခိုင်မာလာစေရေး ဆောင်ရွက်ရမည့် အချက်များနှင့် (၃၈)ဖြာ မင်္ဂလာတရားတော်များ၊ ယဉ်ကျေးလိမ္မာစေရေး လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ ဩကာသကန်တော့ချိုး၊ ငါးပါးသီလတောင်းခံနှင့် ကျောင်းသား/သူများ သိသင့်၊ သိထိုက်သည့် အခြေခံဗုဒ္ဓတရားတော်များအကြောင်းကို ပို့ချသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ကျောင်းသား/သူများ ကိုယ်၊ စိတ်၊ နှလုံး ယဉ်ကျေးလိမ္မာစေရန်နှင့် ဗုဒ္ဓ၏ အဆုံးအမတရားတော်များနှင့်အညီ ကျင့်ကြံနေထိုင်တတ်စေရန် ရည်ရွယ်၍ အားလပ်ရက်များတွင် ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်လှစ်သင်ကြားရကြောင်း ဆရာတော်မှ မိန့်ကြားသည်။

မူမူစန်း