ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အခြေခံပညာဦးစီးဌာနမှ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဒဂုံ‌မြောက် အောက်တိုဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်မြို့နယ်အခြေခံပညာဦးစီးဌာနမှ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများအား စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် (ဆင့်ပွား) အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် () နာရီက ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် ပညာရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ဒဂုံမြို့သစ်ခရိုင်၊ ခရိုင်ပညာရေးမှူး ဦးငွေသူရမှ အဖွင့်အမှာ စကား ပြောကြားရာတွင် အခြေခံပညာကျောင်းများတွင် သင်ကြားမှု၊ သင်ယူမှုအရည်အသွေးများ တိုးတက် ကောင်းမွန်လာစေရန်၊ ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မား လာ‌စေရန်၊ ခေါင်းဆောင်မှုတာဝန်ယူထားရသည့် ဆရာကြီး၊ ဆရာမကြီးများရဲ့ စီမံခန့်ခွဲမှုသည် အလွန်အရေးကြီးပြီး ယုံကြည်ချက်၊ ခံယူချက်များ မှန်ကန်စွာဖြင့် တာဝန်နှင့် စည်းကမ်းကို လေးစားလိုက်နာကြပြီး ဆရာ့ကျင့် ဝတ်နှင့် လျော်ညီစွာ စွမ်းရည်ပြည့်ဝသည့် ကျောင်းအုပ် ကောင်းများအဖြစ် ဆောင်ရွက်သွားရန် ဆွေးနွေး ပြောကြားခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း ကျောင်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ ကျောင်အုပ်ဆရာကြီး၊ ဆရာမကြီး စုစုပေါင်း(၃) ဦးတက်ရောက်ကြပြီး စီမံ၊ ဘဏ္ဍာ၊ ပညာ၊ စီမံကိန်းစသည့် လုပ်ငန်းများ ဆောင်ရွက်မှုများကို  ()ရက်ကြာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးရုံးမှ သိရသည်။

မြင့်မြင့်ရီ(ဒဂုံမြောက်)