ရေတာရှည်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ (အပိုင်း-၂) မဲရလဒ်များ ထုတ်ပြန်

ရေတာရှည် ဇန်နဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ဇန်နဝါရီလ ၁၁ ရက်နေ့က မြို့နယ်အတွင်းရှိ မဲရုံအသီးသီး၌ ကျင်းပပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲ မဲရလဒ်များ ထုတ်ပြန်ကြေညာခြင်းကို ယမန်နေ့ နေ့လယ် ၃ နာရီက  မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဆက်လက်၍ ဆန္ဒမဲရလဒ်များ ထုတ်ပြန်နိုင်ရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးကြပ်၍ မြို့ပေါ်ရပ်ကွက်များမှရရှိသည့် ဆန္ဒမဲရလဒ်များနှင့်သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံမှရရှိသည့် ဆန္ဒမဲရလဒ်များ စုပေါင်းရေတွက်ခဲ့ကြရာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ပြည်‌ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးထွန်းထွန်းမိုး(FPTP)ကလည်းကောင်း၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေါ်နီနီမာ (PR)ကလည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးထွန်းကိုကို (FPTP)ကလည်းကောင်း၊ တိုင်းရင်းသားလွှတ်တော်မဲဆန္ဒနယ် (ကရင်)တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ စောလင်းအောင်တို့က အသီးသီး အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၇) အုပ်စုအတွက် မဲရုံပေါင်း (၁၁၀) ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေပေါင်း (၁၀၂၇၃၆) ၍ ဦးရှိပြီး (၅၅၀၅၁) ဦး ဆန္ဒမဲပေးခဲ့ကြရာ ဆန္ဒမဲပေးသည့် ရာခိုင်နှုန်းမှာ (၅၃.၅၈) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)