ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် အလုပ်ခွင်(ပြင်ပ) ထိခိုက်သေဆုံးမှုကြောင့် ကျန်ရစ်သူအကျိုးခံစာခွင့် ငွေလုံးငွေရင်းထုတ်ပေး
ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် အကျုံးဝင်မှတ်ပုံတင်ထားသော PTI Co;Ltd မှ အာမခံအလုပ်သမား ဦးအောင်မျိုးသန့်သည် (၁၇-၈-၂ဝ၂၅) ရက်နေ့ ည(၈:၀၀) ဝန်းကျင်ခန့်တွင် လုပ်ငန်းတာဝန်ပြီးဆုံး၍ နေအိမ်သို့အပြန် ယာဉ်မတော်တဆမှုဖြစ်၍ မြောက်ဥက္ကလာပဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် ၁၈-၈-၂၀၂၅ ရက်နေ့ နံနက် (၅:၁၂)နာရီခန့်တွင် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ထုတ်ပေးခြင်းကို(၁၄.၁-၂၀၂၆) ရက်နေ့ နံနက်(၁၁:၀၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးခန်းမ၌ ကျင်းပခဲ့သည်။