ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ဧည့်ဝန်ဆောင်မှုဆိုင်ရာ အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

ဧည့်ဝန်ဆောင်မှုဆိုင်ရာအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ခေတ္တပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် သင်တန်းတက်ရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြကြောင်း သိရသည်။

ဓနုဖြူမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာသုံးသူရေးရာဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို ယနေ့ ယမန်နေ့ မွန်းလွဲပိုင်းက အ.မ.က(လှေဆိပ်) ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်၌ မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ထားရှိမှုများ စစ်ဆေး

ကျောက်တန်းမြို့နယ်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရှိ Regency SPC စက်သုံးဆီသိုလှောင်ကန်၏ မီးဘေးလုံခြုရေးအတွက်ဆောင်ရွက်ထားရှိမှုကို ယမန်​နေ့ ညနေပိုင်းက ကျောက်တန်းမြို့နယ်၊ မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်ကျော်ဝင်းနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့သည်၊၊

ပုံပါကျင်မြို့ အခြေခံပညာမူလတန်းကျောင်း(ဟိုရွက်)သို့ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ယနေ့ နံနက်(၁၀)နာရီက အ.မ.က(ဟိုရွက်)သို့ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

သာကေတမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် အသုံးပြုမည့် MEVM မဲပေးစက်များ Installation လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ ရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မြန်မာအီလက်ထရောနစ်မဲပေးစက်များ Installation ပြုလုပ်ခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်ရဲစခန်းဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြည်သူစာကြည့်တိုက်တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲကို ဇန်နဝါရီ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ကွမ်းခြံကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဂိမ်းကစားပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီ၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဂိမ်းကစားပြိုင်ပွဲ ယ‌မန်‌နေ့က ကျွန်းချောင်းကျေးရွာ အ-မ-က ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့နယ်၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲနှင့်အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက အ.မ.က (ကြံတောစု)၌ ပြုလုပ်ခဲ့သည်။

မိတ္ထီလာတက္ကသိုလ်၌ အာဆီယံတက္ကသိုလ်များကွန်ရက်၏ အရည်အသွေးအာမခံမှုစနစ်အကြောင်း မိတ်ဆက်ဟောပြောပွဲ ကျင်းပ

မိတ္ထီလာတက္ကသိုလ်၌ အာဆီယံတက္ကသိုလ်များကွန်ရက်၏ အရည်အသွေးအာမခံမှုစနစ်အကြောင်း မိတ်ဆက်ဟောပြောပွဲကို ယနေ့နံနက် ၁ဝ နာရီက အဆိုပါတက္ကသိုလ် ဝန်ဇင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်၌ တိုင်းရင်းသားစာပေ၊ ဘာသာသင်ကြား၊ သင်ယူတတ်မြောက်မှုဆန်းစစ်ခြင်းနှင့် စစ်တမ်းကောက်ယူခြင်း အစီအစဉ်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနက ကြီးမှူး၍ တိုင်းရင်းသားစာပေ၊ ဘာသာသင်ကြား၊ သင်ယူတတ်မြောက်မှုဆန်းစစ်ခြင်းနှင့် ဘာသာစကား၊ စာပေရိုးရာယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ရေးဆိုင်ရာ စစ်တမ်းကောက်ယူခြင်း အစီအစဉ်ကို ယမန်နေ့ နံနက်ပိုင်းက သဲဖြူကျေးရွာအုပ်စုရှိ ကျေးရွာ ၄ ရွာတွင် ကျင်းပသည်။
Subscribe to