သရက်ချောင်းမြို့နယ်၌ ဒို့အတူတူမဲပေးကြမယ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

တတိယပိုင်းတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ပြည်သူတိုင်းပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်တွင် ဒို့အတူတူမဲပေးကြမယ် သတင်း စကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၁ နာရီက မြို့မရပ်ကွက်နှင့်ကျောက်မြောင်းရပ်ကွက်ရှိ လူစည်ကားရာနေရာများ၌ ဖြန့်ဝေခဲ့သည်။

ကော့ကရိတ်မြို့တွင် မဲရုံတာဝန်ထမ်းဆောင်ကြမည့်ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေးနှင့် နိုင်ငံသားတစ်ဉီး၏ တာဝန်ကျေပွန်စေရေးအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်ဝါရီ ၁၅ ရက် နံနက် ၁၀ နာရီမှစတင်၍ ကော့ကရိတ်မြို့၊ မိုးလုံလေလုံအားကစားခန်းမတွင် ယာယီဖွင့်လှစ်ထားသော မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်မှုရရှိစေရန် အပျော်တမ်း စစ်တုရင်ပြိုင်ပွဲ ကျင်းပ

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ လာရောက်စာပေဖတ်ရှုလျက်ရှိသည့် ကျောင်း သား၊ ကျောင်းသူများ ပျော်ရွှင်မှုရရှိစေရန်ရည်ရွယ်၍ အပျော်တမ်းစစ်တုရင်ပြိုင်ပွဲ ကျင်းပပေးခြင်းကို ဇန်နဝါရီ ၁၅ ရက် နံနက် ၉ နာရီက အဆိုပါ မြို့နယ်ရုံးတွင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူမိသားစု အကျိုးခံစားခွင့် ထုတ်ပေးခြင်းအခမ်းအနား ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆင်မင်းဘိပ်မြေစက်ရုံ အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခွဲက ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးသွားသည့် အာမခံအလုပ်သမား ၂ ဦး၏ ကျန်ရစ်သူမိသားစုအား ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်းရစ်သူမိသားစု အကျိုးခံစားခွင့် ထုတ်ပေးခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့၌ မုန်လာပင်များစိုက်ပျိုး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ရာသီအလိုက် သီးနှံမျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြရာသည့် ယခုအခါ မုန်လာပင်များကိုလည်း တစ်နိုင်တစ်ပိုင်အဖြစ် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နယ်လှည့်မိုလ်ဘိုင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇန်နဝါရီ ၁၄ ရက် မွန်းလွဲ ၁ နာရီခွဲက ဆောင်ရွက်ကြောင်း သိရသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေမှရရှိသည့်ဗဟုသုတများရရှိရေး၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ်စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ Mobile စနစ်ဖြင့် စာအုပ်စောင်များ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် ပလတ်စတစ် စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်တတ်စေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ပြည်ကြီးမဏ္ဍိုင်မြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများစနစ်တကျ စွန့်ပစ်တတ်စေရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇန်နဝါရီ ၁၄ ရက် နေ့လယ်  ၁၁ နာရီက  အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)တွင် ကျင်းပခဲ့သည်။

လှိုင်းဘွဲမြို့နယ်အတွင်း ဆောင်းဆီထွက်သီးနှံ ၁၅၉၆၉ ဧက စိုက်ပျိုးပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း ဆီဖူလုံမှုတိုးမြင့်ရေးအတွက် ဆောင်းဆီထွက်သီးနှံ (မြေပဲ၊ နှမ်း ၊ နေ ကြာ) များကို ယခုနှစ်အတွင်း တိုးချဲ့စိုက်ပျိုးလျက်ရှိပြီး ၂၀၂၅-၂၀၂၆ခုနှစ်၌ မြေပဲသီးနှံ ၆၇၆၈ ဧက (၁၀၁ ဒဿမ ၀၄%)၊   နှမ်းသီးနှံ ၈၉၄၈ (၁၀၀ ဒဿမ ၂၇% )၊ နေကြာသီးနှံ ၂၅၃ ဧက (၁၃၅ ဒဿမ၂၉%) စုစုပေါင်း ဆောင်းဆီထွက်သီးနှံစိုက်ဧက (၁၅၉၆၉) ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် လျာထားချက်ထက်ကျော်လွန်စွာ စိုက်ပျိုးနိုင်ခဲ့ကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ  သိရသည်။

ချမ်းအေးသာစံမြို့နယ်၌ ဝါယာရှော့ဖြစ်ပွားရာမှ မီးလောင်မှုဖြစ်ပွား

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ ၃၄ x ၃၅ လမ်းကြား၊ ၈၂ x ၈၃ လမ်းကြားတွင် ဇန်နဝါရီ ၁၄ ရက် ညနေ ၅ နာရီ ၂၅ မိနစ်က ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Subscribe to