မိုင်းခုတ် ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲပိုင်းက အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲသို့ မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၁ဝ)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုင်းခုတ်မြို့ရုံးအနေဖြင့် ကျောင်းသားလူငယ်များ ဉာဏ်ရည်ထက်မြက်စေရန်နှင့် အင်္ဂလိပ်စာတိုးတက်မှုရှိစရန် ရည်ရွယ်၍ ပြိုင်ပွဲကိုပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ခင်သန္တာအောင်