ကော့မှူးမြို့နယ် ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြော

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၁၃ ရက်နေ့ နံနက် (၁၀) နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ငှက်အော်စမ်းကျေးရွာ လူငယ်သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

မိုးနဲမြို့နယ်၌ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များနှင့် သားသတ်လိုင်စင်များ ဈေးပြိုင်လေလံစနစ်ဖြင့် လေလံတင်ရောင်းချခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ကမ္ဘောဇခန်းမစုရပ်နေရာ၌ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ကျိုင်းတောင်းမြို့နယ် စည်ပင်သာယာရေးဌာနတို့၏ ၂၀၂၆-၂၀၂၇ ခုဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များနှင့် သားသတ်လိုင်စင်များ ဈေးပြိုင်လေလံစနစ်ဖြင့် လေလံတင် ရောင်းချခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ရွေ့လျားရေသန့်စက်ယာဉ် မောင်းနှင်၊ ထိန်းသိမ်း၊ ပြုပြင်ခြင်းဆိုင်ရာ နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ရွေ့လျားရေသန့်စက်ယာဉ် မောင်းနှင်၊ ထိန်းသိမ်း၊ ပြုပြင်ခြင်းဆိုင်ရာ နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၃ ရက်နေ့ နံနက် ၉ နာရီခွဲတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်ဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြများနှင့် နေပြည်တော်ကောင်စီအပါအဝင် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ သင်တန်းသား ၄၀ ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

ကျိုင်းလပ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သင်္ချာဉာဏ်စမ်းပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတက်လာစေရန်နှင့် ကာယ ဉာဏ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြိုင်ပွဲများ ပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ သင်္ချာဉာဏ်စမ်းပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့သည်။

MEVM မဲပေးစက်များ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ခန်းမသို့ ရောက်ရှိ

အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အတွင်းပဒံကျေးရွာ၊ မြို့နယ်စုပေါင်းရုံးဝန်းအတွင်းရှိ မြို့နယ်ခန်းမသို့ ရွှေပြည်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောသန့်ဇင်ဦး၊ ရွှေပြည်သာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ထက်စုလှိုင်ဦးစီး၍ ဇန်နဝါရီ ၁၃ ရက်နေ့ နေ့လယ်ပိုင်းက လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် စုပေါင်းရုံးမြို့နယ်ခန်းမသို့ ပြောင်းရွှေ့ရောက်ရှိသည်။

အုတ်ဖိုမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေးကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက အ.လ.က  ကျက်ဆူတောကျောင်းတွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။

ကော့မှူးတွင် လူငယ်များကို ပျိုးထောင်ပေးပါစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဇန်နဝါရီ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက စာရေးဆရာနတ်သျှင် (ရွှေဂူ) ရေးသားသည့်“ လူငယ်များကို ပျိုးထောင်ပေးပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ် (၁၁) လွိုင်ချို အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/သူများ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များကို ယမန်နေ့နံနက်ပိုင်းအချိန်က ကွင်းဆင်းငှားရမ်းပေးခဲ့ကြကြောင်း သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် တွံတေးခရိုင်ကိုယ်စားပြုအတွက် (၅) မြို့နယ်မှ အားကစားသမားများ ရွေးချယ်ခံ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် အသက် (၂၁) နှစ်အောက် (၁၄) ခရိုင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် တွံတေးခရိုင်ကိုယ်စားပြုသည့် (၅) မြို့နယ်မှ အားကစားသမားများ ရွေးချယ်ခြင်းကို ဇန်နဝါရီ ၁၃ ရက်နေ့ နံနက်ပိုင်းက တွံတေးမြို့မအားကစား၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to