ထန်းတပင်(ပဲခူး) ဇန်နဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍(၂၀၂၅-၂၀၂၆) ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် KG ကျောင်းသား ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အခြေခံပညာကျောင်းများရှိ ကျောင်းအုပ်ဆရာကြီးများနှင့် ဆရာမများက KG ကျောင်းသား၊ ကျောင်းသူတို့အား အသားဓါတ်၊ အဆီဓါတ်၊ ဗီတာမင်ဓါတ်နှင့် ရေဓါတ်စသည်တို့ပါဝင်သော အာဟာရဖြစ်စေမည့် စားသောက်ဖွယ်ရာများကို ကျွေးမွေးခဲ့ကြသည်။
အဆိုပါကျွေးမွေးရာနေရာသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာမများ၊ ကျောင်းသား မိဘများမှ လာရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)