ကျေးသီးမြို့၌ အသက်(၁၈)နှစ်ပြည့်ပြီးသည့် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားနိုင်ရန် လှည့်လည်နှိုးဆော်

ကျေးသီး ဇန်နဝါရီလ ၁၅

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှ စတင်၍ အပိုင်းလိုက်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တတိယပိုင်းတွင်ပါဝင်သည့် ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးသီးမြို့ရှိ အသက်(၁၈)ပြည့်ပြီးသည့် မဲဆန္ဒရှင်ပြည်သူများမဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင် ရန် ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

လှည့်လည်နှိုးဆော်ရာတွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများပြည့်စုံမှန်ကန်စေရေး ပြင်ဆင်ဖြည့်စွက်စိစစ်ပြီး ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင်မဲပေးနိုင်ရန် မြန်မာဘာသာ၊ ရှမ်းဘာသာတို့ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)