ဖယ်ခုံမြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြိုတင်ဆန္ဒမဲလက်မှတ်များနှင့် မဲပုံးများ ထုတ်ဝေပေး

ဖယ်ခုံ ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်‌နေ့တွင် ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအကူများ၊ နိုင်ငံတာဝန်ဖြင့် ခရီးသွားရန်ရှိသူများအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ဇန်နဝါရီလ ၁၅ ရက်နေ့နံနက် ၈ နာရီတွင် ဖယ်ခုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဖယ်ခုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့‌ခွဲဥက္ကဋ္ဌ ဦးမောင်သင်က သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများထံတွင် ကြိုတင်ဆန္ဒမဲလက်မှတ်များ၊ မဲပုံးများ၊ စာရွက်စာတမ်းများ ထုတ်ဝေပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရွေးကောက်ပွဲအပိုင်း(၃)တွင် ဖယ်ခုံမြို့နယ်ရှိ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ခရီးသွားမည့်သူများ၊ မဲရုံများတွင် တာဝန်ထမ်း‌မည့် နိုင်ငံဝန်ထမ်းများကြိုတင်မဲပေးနိုင်ရေး‌အတွက် ၂၃-၁-၂၀၂၆ ရက်နေ့နှင့် ၂၄-၁-၂၀၂၆ ရက်နေ့တွင် လည်းကောင်း၊ နိုင်ငံတော်တာဝန်အရ ခရီးသွာရန်ရှိသူများကြိုတင်မဲပေးနိုင်ရေးအတွက် ၁၅-၁-၂၀၂၆ရက်နေ့မှ၂၄၂၀၂၆ရက်နေ့အထိလည်းကောင်း သက်ဆိုင်ရပ်ကွက်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးတွင် မဲဆန္ဒရှင်များ ကြိုတင်မဲပေးနိုင်‌ကြောင်း ဖယ်ခုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)