ပြည် ဇွန် ၁၈
ကျောင်းဝန်းများအတွင်း သစ်ပင်စိုက်ပျိုးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများသဘာဝကို ချစ်ခင်မြတ်နိုးလာစေရန်၊ အနာဂတ်မျိုးဆက်သစ်များအတွက် သစ်တော သစ်ပင် များဖြင့် စိမ်းလန်းစိုပြည်သော သဘာဝပတ်ဝန်းကျင် အိုအေစစ်များအဖြစ် ပြောင်းလဲလာစေရန်နှင့် ကျောင်းဝန်းအတွင်း အရိပ်ရရှိစေရန် ရည်ရွယ်ချက်တို့ဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်သစ်တောဦးစီးဌာနမှကြီးမှူး၍ ပြည်မြို့နယ်တီတွတ် ကျေးရွာအနီးရှိ ပညာရေးဒီဂရီကောလိပ်၌ ယနေ့နံနက်ပိုင်းက "မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ" ကျင်းပပြု လုပ်သည်။
အဆိုပါမိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်) မှဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်ခရိုင်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ စုပေါင်းအင်အား (၁၀၀၀) ခန့်တက်ရောက်ကာ ခရေ၊ ကံ့ကော်၊ တမာ၊ ကျွန်း၊ ပျဥ်းကတိုးနှင့် မန်ဂျန်ရှားစသည့် သစ်မျိုး (၆) မျိုး၊ ပျိုးပင်ပေါင်း (၁၃၁၁) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်