မြစ်သား ဇူလိုင် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ်ဦးစီးမှူးဦးအောင်ကျော်မိုးနှင့်ဝန်ထမ်းများက Biometric အချက်အလက်ကောက်ယူခြင်းနှင့် Unique ID နံပါတ်များထုတ်ပေးခြင်းလုပ်ငန်းကို မြို့နယ်ရဲတပ်ဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဇူလိုင်(၆)ရက် နေ့ကစတင်ဆောင်ရွက်ပေးခဲ့ရာယနေ့ညနေပိုင်းအထိ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ လုပ်ငန်းများဆောင်ရွက်ပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ နိုင်ငံ့ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ဥပဒေရုံးမှနိုင်ငံ့ဝန်ထမ်းများနှင့် ၎င်းတို့၏ အသက် (၁၀ )နှစ် အထက် မိသားစုဝင်များအား Biometric အချက်အလက်ကောက်ယူခြင်းနှင့် ဂဏန်း(၁၀)လုံးပါဝင်သည့် Unique IDနံပါတ်ပါကတ်ပြားများနှင့် စာရင်းကောက်ယူခြင်းလုပ်ငန်းများ စနစ်တကျဖြစ်စေရေး အတွက် စုရပ်များ သတ်မှတ်ကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးဘိုဘိုအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဌေးဝင်း၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးရှိန်းသူ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးအောင်ကျော်မိုးတို့မှ လာရောက်ကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)